အသည်းရောင်စီပိုးက ကုလို့ပျောက်သလား
လူတိုင်းနီးပါး ကြားဖူးနေတဲ့ အသည်းရောင်စီပိုးဟာ ပြင်းထန်အသည်းရောင်ရောဂါ ဖြစ်နိုင်သလို နာတာရှည်အသည်းရောင်ရောဂါလည်း ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။
UK တစ်နိုင်ငံတည်းမှာ တစ်နှစ်ကို တစ်သိန်းနှစ်သောင်းလောက် ကူးစက်ခံနေရတဲ့ ရောဂါဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ စီပိုးကူးစက်ခံရပြီးသူ ၅၄ သန်းကျော် ရှိပါတယ်။
- ရောဂါပိုးရှိတဲ့သူရဲ့ သွေးနဲ့ ထိတွေ့တာ
- ရောဂါပိုးရှိသူရဲ့ သွေးသွင်းမိတာ
- ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ
- သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓားတွေ မျှဝေသုံးစွဲတာ
- ရောဂါပိုးရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံတာ
- ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ ရင်သွေးကိုကူးတာ စတာတွေက တဆင့် ကူးစက်နိုင်ပါတယ်။
- ကိုယ်ပူတာ၊ ကြွက်သားတွေနာကျင် ကိုက်ခဲပြီး ရာသီတုပ်ကွေးလက္ခဏာတွေလို ဖြစ်တာ
- ဝမ်းဗိုက်အပေါ်ပိုင်း အောင့်တာ
- အသားဝါ၊မျက်စိဝါတာ
- ဆီးအရောင်ရင့်တာ
- မစားချင်မသောက်ချင် မောပန်းပြီး နုံးနေတာ စတဲ့ လက္ခဏာတွေပြနိုင်သလို ဘာရောဂါလက္ခဏာမှ မပြဘဲလည်း ဖြစ်နိုင်ပါတယ်။
စီပိုးရှိနေရင် ကုလို့ပျောက်သလား?
မကုဘဲထားရင် ဘာဖြစ်မလဲ?
- အသည်းတစ်ရှူးတွေ အမာရွတ်ဖြစ်လာပြီး အသည်းခြောက်တာ
- အသည်းကင်ဆာ ဖြစ်တာ
- အသည်းအလုပ်မလုပ်နိုင်တော့လို့ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေစုပုံလာပြီး အသက်အန္တာရာယ် စိုးရိမ်ရတာတွေ ဖြစ်နိုင်ပါတယ်။
ကာကွယ်လို့ရလား?
- ရောဂါပိုးရှိသူရဲ့ သွေးနဲ့မထိမိအောင် သတိထားတာ
- မလိုအပ်ဘဲ သွေးမသွင်းတာ
- တခြားသူတွေနဲ့ ဆေးထိုးအပ်၊ သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓား စတာတွေ မျှဝေသုံးစွဲမှုမလုပ်တာ
- လိင်ဆက်ဆံရင် အကာအကွယ်သုံးတာ
- ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကို မကူးအောင် ကာကွယ်တာ (ရိုးရိုးမွေးတဲ့အချိန် မွေးလမ်းကြောင်းက ကူးစက်နိုင်ခြေများလို့ ခွဲမွေးတာ၊ မွေးပြီးပြီးချင်း ကာကွယ်ဆေးထိုးပေးတာ) စတာတွေက အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။